OVER CURRENT PROTECTION
over current ဖြစ်ရခြင်း အကြောင်းရင်းနှစ်ရပ်..........
(1)over load
ကောင်းမွန်နေသောလျပ်စစ် ပတ်လမ်းအတွင်းတွင် သင့်တင့်သည့် ပမာဏထက်ပိုသော current စီးခြင်း။ လျပ်စစ်အသုံးအဆောင်များကို တစ်ပြိုင်ထဲ စုပြုံသုံးမိခြင်း။ motor ပါသောကိရီယာများကို သတ်မှတ်ဝန်အားထက်ပိုသုံးမိခြင်း။
(2)fault
လျှပ်စစ်စနစ်အတွင်းမှားယွင်းမှုဖြစ်ခြင်း။ဥပမာပြရသော် လျှပ်ကာ(insulation) ကြိုးပေါက်မှုကြောင့် line conductor နှင့် earth conductor တိုက်ရိုက်ထိမိကာ short circuit ဖြစ်သွားခြင်းကဲ့သို့သော အခြေအနေများသည် အဖြစ်များပါသည်။
OVER LOAD
ကောင်းမွန်နေသော wireing စနစ်အတွင်းတွင် over load ဖြစ်ရခြင်းမှာ အောက်ဖော်ပြပါအကြောင်းအချက်များ အပါအ၀င် အခြားသော အကြောင်းအရာများလည်းရှိနိုင်ပါသေးသည်။
(1) motor သည် design ထုတ်ထားသောဝန်ထက်ပိုများသော ၀န်ကိုထမ်းဆောင်ရခြင်း။
(2)စက်များ၏ bearing စားနေခြင်း ၀န်ညီမျှမှု မရှိခြင်း(uneven loading)။
(3)motor ၏ starting current။
(4)3 phase load များတွင် phase တစ်ခုပျက်သွားခြင်း( ကျန်နေသော phase 2 ခုမှ 3 phase အတွက် current ကို သယ်ဆောင်နေရသည်။)
(5)socket outlet တစ်ခုမှ လျှပ်စစ်ပစ္စည်း အများအပြားသုံးခြင်း။
(6)installation တစ်ခုတွင် maximum demand အောက် လျော့နည်းစွာ estimate ထုတ်ထားခြင်း။(underestimate of the maximun demand of the installation)
FAULT
FAULT ကလည်း over current ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ဘာကြောင့် FAULT ဖြစ်ရသလဲဆိုတော့
(1)cable ရှိလျှပ်ကာမ်ျား အပူကြောင့်သော််လည်းကောင်း ပွန်းစားမှုကြောင့်သော်လည်းကောင်း ပျက်စီးနေခြင်း။
(2)ကောင်းမွန်စာံ အကာအကွယ်မပြုထားသောကြောင့် အဆက်များအတွင်းသို့ရေ၀င်နေခြင်း။
(3)မော်တာလောင်ခြင်း။
(4) bus-bar ပေါ်သို့ သတ္ထုပစ္စည်းများကျခြင်း။( phase မတူတဲ့ busbar ချောင်းပေါ်ကို condustor တစ်ခုခုကျလို့ကတော့ ဘယ်ပြောကောင်းမလဲ။fault ဖြစ်ပီပေါ့။)
FAULT ကြောင့် မီးလောင်မှု၊ ပေါက်ကွဲမှုများဖြစ်စေကာ ပြင်းထန်စွာဒါဏ်ရာရခြင်း မှသေသည်အထိဖြစ်စေနိုင်ပါသည်။wiring circuit အား protection device များဖြင့်ကာကွယ်ထားခြင်းမရှိလျင် wiring တစ်ခုလုံးကိုပါပျက်စီးစေနိုင်ပါသည်။
WAAGYI
လွတ်လပ်စွာဝေဖန်တော်မူကြပါ။
Comments
Post a Comment