simple circuit maker tutorial part-1 အောက်ပုံကတော့ cm ရဲ့ ပုံပါ။title bar, tool bae, menu bar, work space စတာတွေကိုတော့ စာရှည်မှာစိုးလို့ ရှင်းမနေတော့ပါဘူး။ ကျနော်ကိုယ်တိုင်လည် အသေးစိပ်မသိတာပါပါတယ်။ ကဲ. . . . အခု circuit အသေးလေးတစ်ခု စရအောင်။ resistor တစ်လုံးကို battery နဲ့ချိပ်မယ်။ လက်တွေ့မှာအဲလိုလုပ်ချင်ရင် resistance,resistor power rating,battery volt စတာတွေကို ကိုသိထားရမယ်။ ဒါမှ battery နဲ့ချိတ်တဲ့အခါ ဖြတ်စီးတဲ့ current ကိုတွက်ပြီး resistor ကခံနိုင်မယ် မခံနိုဘူးတွက်နိုင်မှာပါ။ Untitled.ckt(work space ပါ) ဆိုတဲ့ နေရာပေါ်ကို သွားပြီး r ကိုနှိပ်လိုက်ပါ။ resistor ပုံလေး ပေါ်လာပါမယ်။သင့်တော်ရာနေရာမှာချထားပါ။ b ကိုနှိပ်လိုက်ရင် battery ပုံလေးပေါ်လာမှာပါ။ သင့်တော်ရာနေရာမှာချထားပါ။ ၀(zero) ကိုနှိပ်ပြီး ground ပုံလေးနေရာချပါအုန်း။ hotkey1,hotkey2 နေရာကရွေးလည်း ရပါတယ်။ ကျနော်လုပ်လိုက်တာ အောက်ကပုံ အတိုင်းဖြစ်သွားတယ်။ ပုံကိုကြီးချင်၊ သေးချင်ရင် page up, page down key တွေသုံးပါ။ ပုံကနေရာပြန်ချမှ ကြည့်လို့ အဆင်ပြေမှာ။...
Comments
Post a Comment