ဆိုလာတွေနာမည်ကြီးလာတော့ လောဘကြီးတဲ့ စီးပွားရေးသမားတွေက ပေါက်ကရာတွေ ပြော ပေါက်ကရာတွေလုပ်ပြီးလိမ်ညာရောင်းနေကြပါပြီ။ဒီစာတိုလေးကိုဖတ်ထားရင်ဖြင့် ဆိုလာဝယ်ရင်အထောက်အကူဖြစ်စေပါတယ်။ဆိုလာပြားတွေကိုအရောင်းအဝယ်လုပ်တဲ့အခါ watt နဲ့ပြောရောင်းပါတယ် ။ကဲဆိုင်က watt 50 ဆိုပြီးပြောရောင်းလိုက်တယ် တစ်ကယ် တော့ ဝယ်တဲ့လူကမစမ်းတပ်တော့သူပြောတာယုံပြီးယူလာရတာ။35 watt ကို 50 ဆိုပြီးပေးလိုက်လည်း ယူလာမှာပဲ။ဆိုလာပြားတွေရဲ့နောက်မှာ Name plate ပါပါတယ် အပြားတိုင်းတော့မဟုတ်ပါဘူး။တချို့ဆိုကိုယ့်ဘာသာ လုပ်ပြီးကပ်ထာတောင်ရှိပါတယ်။ အဲဒီမှာ open circuit voltage (Voc )နဲ့ Shot circuit current တို့ပါပါတယ်။အဲဒါနှစ်ခုမြှေက်ရင် name plate ပေါ်ကပါဝါရပါတယ်။ဆိုလာစမ်းတဲ့အချိန်နေပူနေရင်ပိုကောင်းပါတယ်။ပထမ multimeter ရဲ့ dc volt ကို name plate ပေါ်ကပြထားတဲ့ voc ထက်များတဲ့ တန်ဖိုးမှာထားပါ။တိုင်းကြည့်ရင် name plate voc ရပါ
တယ် ။ဒါကမှန်တာများပါတယ်။ နောက် short circuit current တိုင်းပါမယ်။ dc crt ကိုလည်း name plate isc ထက်များတဲ့တန်ဖိုးကို ရွှေ့ထားပါ။သတိထားရမှာက ampere များရင်မီတာကြာကြာမခံနိုင်ပါ probe တွေပူလာတတ်ပါတယ်။ စက္ကန့်ပိုင်းလောက်သာတိုင်းသင့်ပါတယ။အဲဒီကရတဲ့တန်ဖိုး ဟာ ISC ပါ။တိုင်းလို့ရတဲ့ VOC နဲ့ ISC နှစ်ခုကိုမြှောက်ရင် ဆိုလာပြားက တစ်ကယ်ထုတ်ပေးနေတဲ့ ပါဝါကိုရပါတယ်။သေချာတာကတော့ ရေးထားတဲာထက်လျော့ထွက်နေတာပါ။တရုပ်ဆိုလာတွေမှာပါ။ တခြားအမျိုးအစားတွေတော့မစမ်းဖူးသေးပါဘူး။watt 20 ဆိုလာပြားတစ်ချပ်ကိုစမ်းတာလက်တွေ့မှာ isc က ထက်ဝက်လေက်ကွာနေလို့ ။10 watt လောက်သာထွက်တာတွေ့ရပါတယ်။်ဆိုလာ ဝယ်ရင် isc ကို အစိကထားစမ်းဖို့အကြံပေးချင်ပါတယ် ။Voc ကပြသနာမရှိပါဘူး ။ရွေးလို့ရင် တစ်ချပ်ချင်း စမ်းပြီး အများဆုံးထွက်တာကိုရွေးနိုင်ပါတယ်။်

                                   ဆိုလာလေးတွေစမ်းကြမယ် 
 

Comments

Popular posts from this blog

stepper_28BY_and_with_driver_and-pic18f4550

Inductance caculator

polluted enviroment အဆိပ်သင့် ရပ်ဝန်း