နှိပ်ခလုပ် အားသွင်းမီး ဝယ်မလို့လား

               
                အားသွင်းမီး တွေအတော်များများ အားသွင်းနေတုန်း မီးမဖွင့်ဖို့ အညွှန်းစာတွေထဲမှာရေးထားပါတယ်။
သုံးသူတွေလည်းသိကြလို့အားသွင်းနေတုန်းမဖွင့်ကြပါဘူး။
အားသွင်းမီး အတော်များများက တွန်းခလုပ်လေးတွေ နဲ့ဆိုတော့ သုံးသူတွေက အားကုန်သွားလို့ မီးမလင်းလဲ
ခလုပ်ကို ပိတ်ပြီးသွင်းကြပါတယ်။ ဘာပြသနာမှမရှိပါ။
တစ်ချို့ ဓာတ်မီးတွေက နှိပ်ခလုပ်တွေနဲ့ပါ။ ဝယ်ရင်သတိထားကြပါ။ အားကုန်အောင် သုံးမိတဲ့ အခါ၊ ဓာတ်ခဲပျက်တဲ့ အခါတွေမှာ ဘယ်နှစ်ချက် နှိပ်ရင် ပိတ်လဲ သုံးသူကမမှတ်မိတော့ပါဘူး။ ပိတ်နေတယ် ထင်ပြီး အားသွင်းလို့ကတော့ မီးသီးတွေ လောင်ကုန်တော့တာပဲ။
ဒီစာကိုမရေးခင် နှစ်ရက်က အဲလိုဓာတ်မီး ကိုအားသွင်းလိုက်မိလို့ ပျက်သွားတယ်။
အားသွင်းမီးတွေက electronic power supply သုံးထားပါတယ်။ supply အထွက်က battery မတပ်ဘဲ လွှတ်ပြီး တိုင်းကြည့်ရင် ၁၀၀ ဗို့ ဝန်းကျင်လောက်ထွက်နေတတ်ပါတယ်။ battery တတ်လိုက်ရင်တော့ charging current စီးပြီးတော့ battery ကို အားသွင်းပါတော့တယ်။ အဲအချိန် မီးဖွင့်လိုက်ရင် မီးသီးတွေဟာ voltage spikes တွေကြောင့် လောင်ကုန်ပါတယ်။ လူကိုင် မိရင်လဲ ဓာတ်လိုက်ပါတယ်။
Transformer ပါတဲ့ power supply တွေကတော့ ဒါမျိုးမဖြစ်ပါဘူး။ဒါပေမယ့် ဈေးကြီးတယ်။

နှိပ်ခလုပ်ဖြစ်ဖြစ် တွန်းခလုပ်ဖြစ်ဖြစ် ဘယ်အချိန်ထအားသွင်းသွင်း မပျက်အောင် တစ်ခုစမ်းလုပ်ထားတယ်။

မေ့မှာစိုးလို့ ထပ်ပြောလိုက်မယ်
နှိပ်ခလုပ် အားသွင်းမီး မဝယ်မိစေနဲ့နော်။

Comments

Popular posts from this blog

stepper_28BY_and_with_driver_and-pic18f4550

Inductance caculator

polluted enviroment အဆိပ်သင့် ရပ်ဝန်း