polluted enviroment အဆိပ်သင့် ရပ်ဝန်း



    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ ခုချိန်ထိ မြန်မာပြည်ရဲ့ ကျေးလက်ဒေသတွေမှာ ac လျှပ်စစ်မီးမရရှိခဲ့ပါဘူး။ အဲတော့လည်း  ac လျပ်စစ်မီးနဲ့ သုံးတာဘာမှမသုံးကြသလောက်ပါ။ မသုံးတော့ မပျက်ဘူးပေါ့။ ရောင်းမယ့်သူလည်းမရှိဘူးပေါ့။
သိပ်မကြာခင် နှစ်တွေမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲ နှစ်ခုက ဒီအဖြစ်အပျက်တွေကို ပြောင်းပြန်လှန်လိုက်ပါတယ်။ ဆိုလာပြား နဲ့ ဖုန်းပါ။ ဒီအပြောင်းအလဲမှာ ဆိုလာက အရင်စဖြစ်တာပါ။ တရုပ်ဘက်က ဆိုလာတွေ၊ အလုံပိတ်ထားတဲ့ battery ခြောက်တွေဟာ လူတိုင်းသုံးနိုင်တဲ့ ဆိုလာ လျှပ်စစ်စနစ်ကို ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အိမ်တိုင်းတော့ မသုံးကြသေးပါဘူး။
ဖုန်းတွေပေါ်လာတော့ အိမ်တိုင်းနီးပါး မသုံးမဖြစ်သုံးလာကြပါတယ်။
 အကောင်းနဲ့ အတူ အဆိုးပါပါလာခဲ့ပါတယ်။ လျှပ်စစ်စက်တွေ အရောင်းတွင်လာပါတယ်။ တရုပ်စက် တစ်ရက်စုပ်လို့တောင် ပြောစမှတ်ပြုကြပါတယ်။ အမျိုးမျိုး အဖုံဖုံသော လျှပ်စစ်စက်တွေဟာ ပျက်ကြပါတယ်။ ပြင်ဆင်စားရိတ်က အသစ်နီးပါးလောက်ကုန်လို့ မပြင်ကြတာများပါတယ်။ ဒီတော့ မြန်မာ့သွေး မြန်မာ့မာန်တွေပေါ်လာပါပြီ။ မကောင်းရင်ဂျောင်းပဲ။ ပျက်သွားရင်လွှတ်ပစ်လိုက်တာပဲ။ ကြာလာတဲ့ အခါ စက်အစုပ်တွေဟာ လူတွေနေထိုင်တဲ့ နေရာတွေမှာ ပြန့်ကျဲလာပါတော့တယ်။ အဆိုးဆုံးကတော့ အလုံပိတ် battery တွေပါ။ ခဲပါတဲ့ အရာတွေဖြစ်လို့ recycle လုပ်သုံးင့်ပေမယ့် တွေ့တဲ့နေရာပစ်လိုက်ကြတာပါပဲ။ီသုံးစွဲနည်းမသိလို့ပျက်တယ်ဆိုရင် ပိုမှန်ပါတယ်။ အဟောင်းဝယ်တဲ့ ကုလားလေးတွေကတော့ battery အပျက်တွေပြန်ဝယ်ပါတယ်။
မိတ်ဆွေတို့ထင်သလို ကျေးလက်က မလတ်ဆတ်တော့ပါဘူး။ ခဲဆိပ်သင့်နေတဲ့ မြစ်ချောင်းတွေ၊ ရေတွင်း ရေကန်တွေရှိနေပါပြီ။ တစ်နေ့တစ်ခြား အဆိပ်သင့်မှု ပိုလာမှာပါ။
မိတ်ဆွေတို့ထင်သလို ကျေးလက်က မဆိတ်ငြိမ်တော့ပါဘူး။ portable EVD သံ MP3 သံတွေနဲ့ညံနေပါပြီ။ ခုတောင် ဘိုအောင်ဒင်က ဘာဖြစ်တယ်ဆိုလားပဲ ဖွင့်နေလိုက်ကြတာ သောသောကို ညံလို့ ။


Comments

Popular posts from this blog

stepper_28BY_and_with_driver_and-pic18f4550

Inductance caculator