REPAIR ELECTRIC INSECT KILLER

ခြင်ဖမ်းစက်ပြင်ကြည့်ခြင်း

ခြင်ဖမ်းစက်ကလေးက ရုတ်တရက် ရပ်သွားပါတယ်။ ဖွင်းကြည့်လိုက်တော့ ဆားကစ်ပြားမှာ ခဲဆော်ပြီးကပ်ထားတဲ့ ဖြူးဆံလေး ပြတ်နေတာတွေ့ရပါတယ်။ ဖြူးကလည်း မရှိတာနဲ့ ဓာတ်ကြိုးမျှင်လေး ၃ ခုကို သူ့နေရာမှာ အစားထိုးတပ်ပေးလိုက်ပါတယ်။

အဲဒီစက်ကလေးထဲမှာပါတာက
(1)  ခြင်ကိုမျှားတဲ့ မီးသီး အပြာလေးတွေ။
(2) ခြင်ကပ်လာရင် အထဲဝင်လာဖို့ ဆွဲတဲ့ အမြဲလည်နေတဲ့ ပန်ကာလေးရယ်။
(3) ဝင်လာတဲ့ခြင်ကို ဓာတ်လိုက်အောင်လုပ်တဲ့ ဇကာလေးရယ်ပါ။

ဇကာမှာညိတဲ့ အကောင်ကကြီးရင် လျပ်စစ်ကိုပိုများများသုံးရလို့ ဖြူးဆံကပြတ်ပေးရပါတယ်။ ဒါမှလဲ စက်ထဲက အစိတ်အပိုင်းတွေကို ဝန်မပိုအောင် ကာကွယ်ပေးမှာပါ။

ဖြူး ကအဝင်ဓာတ်ကြိုးလာစိုက်တဲ့ အနားမှာရှိပါတယ်။ ပြတ်နေလား ကောင်းနေလားကိုလည်း ကြည့်ပြီးသိနိုင်ပါတယ်။


REPAIR ELECTRIC INSECT KILLER

 There is one  fuse near the power supply of electric insect killer ( Usually you need to open casing to view this.). Check and replace when your device  stops working.
You may use small wire strings  for  urgent. Do not touch the metallic parts. It is electrified even It does not work and disconnected from power supply.



Comments

Popular posts from this blog

stepper_28BY_and_with_driver_and-pic18f4550

Inductance caculator

polluted enviroment အဆိပ်သင့် ရပ်ဝန်း