Calculating Heat Sink part 1
Calculating
Heat Sink
Heat
Sink တပ်ဖို့ကပေါ်လာပြန်တော့
ရှာဖတ်ရပြန်ကော။ ဒီတစ်ခါတော့ မှတ်စုလေး ရေးထားမှ ဆိုပြီး ဒါလေးကို ရေးဖြစ်သွားတယ်။
လွဲနေတဲ့ အချက်တွေ အများကြီးပါနိုင်ပါတယ်။ ဝေဖန်ထောက်ပြပေးဖို့ တောင်းဆိုရင်း. . .
.
ကျနော်ကတော့ လက်နဲ့ စမ်းကြည့်လို့ ပူလွန်းတယ် ထင်ရင် heat
sink တပ်တယ်။ တိုင်းစရာမှ မရှိတာကိုး။ တခါတလေတော့လဲ datasheet လေးဖတ်။ အင်း. . ..
.power dissipiation ကဘယ်လောက် . . .သူ့ datasheet အရဆိုရင် ဘယ်လောက် C ပူလာမှာ။ အင်း.
. .ပူတာကတော့ အေးအောင်လုပ်ရမပေါ့။
Thermal circuit ကို
electrical circuit နဲ့ ဖလှယ်ပြီး စဉ်းစားပြထားပါတယ်. . . .
ELECTRICAL
|
THERMAL
|
Voltage (potential
difference)
V
|
Temperature
Difference
K or C
|
Current
A
|
Heat Flow (Power)
W(J/s)
|
Electrical Resistence
OHM(V/A)
|
Thermal Resistance
C/W
|
Electrical ပိုင်းမှာတော့
potential difference ကြောင့် current စီးတယ်ပေါ့။ နောက် current စီးတာကို ခုခံမယ့်
resistance ရှိတယ်ပေါ့။ Thermal မှာလည်း Temperature Difference ကြောင့်အပူက များရာကနေ
နည်းရာကို စီးသွားတဲ့သဘောပါ။ သူ့မှာလည်း အပူစီးတာကို တားတတ်တဲ့ သဘော thermal
resistance (c/w) ရှံတဲ့ သဘောပါ။ံHeat sink တပ်ထာကတော့ အပူကိုမြန်မြန်စီးနိုင်စေခြင်းဖြင့်
thermal resistance ကိုလျော့တဲ့သဘောပါ။ ကျနော့ အယူအဆကနော့ တန်ဖိုးတူ resistor တွေ အပြိုင်ချိတ်လိုက်တဲ့အခါ
ရလာတဲ့ resistance တန်ဖိုး ကြသွားပြီး current များများစီးတဲ့ သဘောလို့ယူဆပါတယ်။
Device တစ်ခုဟာ 10w dissipiated ဖြစ်တယ်ဆိုပါတော့။ 10w
ပမာဏ နဲ့ ညီတဲ့အပူကို သူကထုတ်ပါလိမ့်မယ်။ ဒီအပူက ပတ်ဝန်းကျင် လေထုထဲကိုကူးသွားပါမယ်။
ပတ်ဝန်းကျင်လေထုက device အပူချိန်ထက် အအရမ်း အေးနေရင်တော့ (temperature
difference များနေ) heat flow (w/s) ကမြန်နေမှာပါ။
temperature difference နည်းနေရင်တော့ heat flow (w/s) နည်းလာပြီး heat တက်လာမှာပါ။
Thermal Resistance အကြောင်းနဲနဲ ထပ်ပြောချင်ပါသေးတယ်။
ဥပမာ အနေနဲ့
FET IEFZ44 ရဲ့တည်ဆောက်ထားတဲ့ပုံက
မလည်မှာ semiconductor dye ရှိတယ်၊ ဒါကိုရန်ထားတဲ့ အိမ်ခွံမဲမဲပါမယ်။ heat sink ကပ်ဖို့
metal အစလေးပေးထားတယ်။
ဒီလိုတည်ဆောက်ထားတာကြောင့်
Thermal Resistance junction to case (ျRjc)
Thermal Resistance case to ambient (Rca)
Thermal Resistance junction to ambient (Rja)= Rjc + Rca ရှိနေမှာပါ။
Heat sink ကိုတပ်လိုက်ရင်တော့ Thermal Resistance case
to heatsink (Qcs) တိုးလာမှာပါ။
ဒီပုံလေးကတော့ device junction က 44 C ပူနေပြီး
ambient က 25 C ပူနေပါတယ်။ thermal resistance က 37 C/W ကို ဆွဲပြထားတာပါ။
10 W dissipiated ဖြစ်တဲ့ device ရဲ့ thermal
resistance က 37 C/W ဆိုတော့ ထွက်လာမယ့် အပူက 37 C/W 1.2 W =44.3 C
ပေါ့။ တစ်ခုရှိတာက device အလုပ်မလုပ်ခင်ထဲက ပတ်ဝန်းကျင်လေထူထဲက
အပူ 25 C က device ထဲကိုဝငိနေပါတယ်။ ခုတော့ တစ်ပူပေါ် တစ်ပူဆင့်တော့ 25+44=69 C ဖြစ်ပြီပေါ့။
LM317 TO220 casing ရဲ့ recommended junction
temperature က 125 C ပါ။
Comments
Post a Comment