hysteresis


hysteresis loss ဆိုတာကြားဖူးတကြာပြီ။ တစ်​ခါမှ ထဲထဲဝင်​ဝင်​မဖတ်​ဖူးဘူး။ 
Hysteresis ဆိုတာ​ စနစ်​ဟာ အတိတ်​အ​ခြေအ​နေ​ပေါ်မှာ တည်​မှီ​နေခြင်းကို ဆိုလိုတာပါ။



ရှာ​ဖွေဖတ်​ကြည့်​​တော့ transformer မှာသုံးတဲ့ core ကိုဥပမား​ပေးရှင်းပြတာ​တွေ့ရတယ်​။ cold rolled grained oriented  silicon steel များဟာ သံလိုက်​ဓာတ်​သွင်းဖို့ အလွန်​လွယ်​ပါတယ်​။ သူ့မှာ ဦးတည်​ဘက်​​ပေါင်းစုံကိုလှည့်​​နေတဲ့ သံလိုက်​က​လေး​တွေပါပါတယ်​။ ဒီဘက်​​ပေါင်းစုံကိုလှည့်​​နေတဲ့သံလိုက်​​လေး​တွေရဲ့ အသားတင်​pole(south,north) ဟာလဲ အချင်းချင်း​ခြေဖျက်​​နေတာမို့ သံလိုက်​ ဝင်​ရိုးစွန်းရယ်​လို့မဖြစ်​​တော့ပါ။ ဒီသံလိုက်​က​လေး​တွေဟာ တစ်​ခြားသံလိုက်​စက်​ကွင်းတစ်​ခု​​ကြာင့်​ (သို့မဟုတ်​) magneto motive force (mmf)​​ကြာင့်​ ဦးတည်​ရာဘက်​တစ်​ဘက်​ထဲကို လှည့်​သွာကြပြီး  သံလိုက်​ဝင်​ရိုးစွန်း ( south,north) ဖြစ်​လာပြီး သံလိုက်​ဖြစ်​သွားပါ​တော့တယ်​။
 ဒီလိုသံလိုက်​ဖြစ်​သွားတဲ့ core​ပေါ်ကို သံလိုက်​ဖြစ်​​စေတဲ့ mmf ကိုဖယ်​ရှားလိုက်​​ပေမယ့်​ တစ်​ချို့​သောသံလိုက်​က​လေးများဟာမူလပုံကိုမပြန်​​တော့ပဲ ပုံသွင်းခံရတဲ့အတိုင်းဆက်​တည်​​နေပါတယ်​။ အများစုက​တော့ ဦးတည်​ရာဘက်​​ပေါင်းစုံကိုပြန်​လှန့်​ကုန့်ာတယ်​။အနှစ်​ချုပ်​​တော့ သံလိုက်​ဓာတ်​ဟာ အနည်​ငယ်​ကပ်​ကျန်​ခဲ့ပါတယ်​။ ကပ်​ကျန်​ခဲ့တဲ့သံလိုက်​ဓာတ်​ကို ပြယ်​​စေဖို့ ပထမ mmf နဲ့​ပြောင်းပြန်​ mmfအနည်းငယ်​ထပ်​​ပေးရပါတယ်​။ transformer ထဲမှာ​တော့ mmf ဟာ အမြဲဘက်​​ပြောင်းပြီးအပြန်​အလှန်​စီး​နေတာ့သံလိုက်​စက်​ကွင်းဦးတည်​ဘက်​​ပြောင်းတိုင်း ကပ်​ကျန်​ခဲ့တဲ့သံလိုက်​ဓာတ်​ကို ဖျက်​ပစ်​ရတဲ့အတွက်​ လျှပ်​စစ်​စွမ်းအင်​ ဆုံးရှုံပါတယ်​။
transformerသင်​ခန်စာ​တွေမှာ​တော့ hysteresis loss လို့​ခော်​ကြပါတယ်​။






Comments

Popular posts from this blog

Inductance caculator

Pointer to object array