simple life



simple life
 
ငါကရိုးရှင်းတယ်။ သူလိုကိုယ်လို လူတစ်သောက်ပါ။ ပညာရေးဆိုတာ အစိုးရအဖွဲ့က ပြောချင်တာတွေကိုရေးထားတဲ့ စာအုပ်မှန်းငါမသိခဲ့ဘူး။ကျောင်းတွေကကျွန်တော်တို့ကို
ကိုယ်ပိုင်အကျဉ်းထောင်တွေ ဘယ်လိုဆောက်လို့ သင်ပေးလိုက်စလိုပဲ။ ကျွန်တော်ဖြင့်
ဝေခွဲလို့မရဘူး။ငါကတစ်ခုခုကိုကြောက်နေသလားပေါ့…..။ငါကအကျဉ်းကျနေတာလား။
ဒါလဲမဟုတ်သေ.ဘူး…..။တစ်နဲ့တစ်ပေါင်းရင် နှစ်ဆိုတာပြောတတ်ရုံလောက်နဲ့ ဘွဲ့တစ်ခုရနိုင်တယ်။ ဘ၀ဆိုတာ အရမ်းရိုးစင်းပါတယ်။တစ်ယောက်ယောက် မွေးဖွား
လာပြီဆိုရင် သူဟာဘာမှမသိလိုက်ဘဲနဲ့ ဘာသာတစ်ခုခုကိုကိုးကွယ်မိသွားတယ်။ အလေ့အကျင့်တွေကိုသင်ယူမိသွားတယ်
အတုလုပ်ခြင်းအတတ်ပညာကိုမွေးရာပါတတ်ကြတယ်။တရုပ်တွေ အရမ်းတော်
တယ်။ခြေနှစ်ခြောင်းနဲ့လူက ခြေလေးခြောင်းနဲ့ပိုက်ဆံကို လိုက်ဖမ်းတယ်။တချို့ကလဲ ဒီ
ခြေလေးခြေင်းကိုစီးပြီး ခြေလေးခြောင်းကို မိအောင်ဖမ်းတယ်။အထည်ချုပ်တွေတစ်
100000 လောက်ရတဲ့ အချိန်မှာ engineer တွေ 60000 လောက်ရမယ်။ကွမ်းယာသယ်
Hand phone ကိုင်နိုင်ချိန်မှာ ဘွဲ့ရတွေ ထမင်းနပ်မှန်အောင်စားရမယ်။တစ်ခုခုတော့လွဲ
နေပြီ။တန်ဖိုးဆိုတာဘာလဲ ……ငါမသိဘူး။
ပညာဆိုတာဘာလဲ….ငါမသိဘူး။
တရုပ်ချစ်တီးတွေကောမရှိနိုင်ဘူးလား။
ကျွဲပါးဆောင်းတီးမလုပ်နဲ့။ငါတို့မင်းတို့က ဆောင်းသမားတွေ….။ဒီမှာကျွဲတွေပေါတယ်။
တန်တာထက်ပိုလိုချင်တဲ့သူတွေရှိတယ်။
တန်သလောက်မရတဲ့လူတွေရှိတယ်။
တန်လောက်မပေးချင်တဲ့လူတွေရှိတယ်
(ဖြစ်နိုင်ရင်)အလကားခိုင်းချင်တဲ့လူတွေရှိတယ်။
သင်ဘယ်သူလဲ…..?
တန်သလောက်လိုချင်သူကို့ လောဘကြီးတယ်လို့ သင်မခေါ်ဘူးဆိုရင် …………..
သင့်ဘ၀ဟာ simple life မဟုတ်တော့ဘူး။

အများလုပ်သလိုလုပ်ပါ……..
အထူးကားကို 300 ပေးပြီး မတ်တပ်ရပ်စီးပါ…………
စပယ်ယာ မိုက်ရိုင်းခြင်းသည် သူ့အမေမဆုံးမလို့ဟုမှတ်ပါ………
ထောက်ခံစာလုပ်ရင် 500 ပေးပါ(1000 ဆိုရင် ဈေးတက်သွားတယ်မှတ်ပါ)
Watt 1000 soundbox နဲ့သင့်အိမ်ရှေ့မှာ ၇ ရက် ၇ လီ အလှူခံခြင်းကို ကုသိုလ်ယူပါ
မေးရင်ဖြေပါ
ခေါ်ရင်ထူးပါ
ခိုင်းတာလုပ်ပါ
ပေးသလောက်ယူပါ(လိုချင်တာတွေမပြောနဲ့နော်…..အလုပ်ပြုတ်လိမ့်မယ်)
ကိုရီးယားကားများကြည့်ခြင်းဖြင့် အချစ်ကို defination ဖွင့်ပါ........

ဒါကရိုးရှင်းတယ်။ဘာမှထပ်ပြောင်းစရာမလိုတော့ဘူး……။ဘာဆိုဘာမှမပြောင်းနဲ့တော့။

(essay လေးပါ။အကြောင်းအရာက စုစည်းမှုမရှိပါဘူး။ကျွန်တော်တို့တွေ ရိုးအတဲ့
အကြောင်းကို ပြောကြည့်တာပါ။ဖတ်ပေးတဲ့အတွက် ကျေးဖူးတင်ပါတယ်။)

လေးစားစွာဖြင့်
waagyi

Comments

Popular posts from this blog

stepper_28BY_and_with_driver_and-pic18f4550

polluted enviroment အဆိပ်သင့် ရပ်ဝန်း