ဆိုလာ စနစ်ရှိ BATTERY AMPACITY အား design ထုတ်တွက်ချက်ခြင်း (1) watt hour ရယူခြင်း

ဆိုလာ စနစ်ရှိ BATTERY AMPACITY အား design ထုတ်တွက်ချက်ခြင်း

(1) watt hour ရယူခြင်း
    လျှပ်စစ်ပစ္စည်းတစ်ခုခြင်းစီရဲ့ watt နဲ့ တစ်ခုခြင်းစီရဲ့ 24နာရီာအတွင်း သုံးစွဲတဲ့ကြာချိန် ကိုမြှောက်ပါ။တစ်ခုခြင်းစီရဲ့  watthour တွေကိုပေါင်းလိုက်ရင်  တစ်ရက်(24 နာရီ) မှာအိမ်တစ်ခုလုံးစာအတွက် စွမ်းအင်လိုအပ်ချက် watthour ရပါမယ်။
မှတ်ချက်။   ။
aircon,fredge စတာတွေကတော့ ရေးထားတဲ့ watt အတိုင်းအမြဲ အလုပ်လုပ်နေတာမဟုတ်ပါဘူး။fredge ကိုမကြာခဏ တံခါးသွားမဖွင့်ရင်။ aircon တပ်ထားတဲ့အခန်းကိုလဲ ဖွင့်လိုက်ပိတ်လိုက်မလုပ်ဘူးဆိုရင်။ရေးထားတဲ့ rating ရဲ့ 3 ပုံ 1 ပဲုကိုပဲယူပါမယ်။ပြီးရင် အဲဒါကို 24 hr နဲ့မြှောက်ရုံပေါ့။
နေအိမ်တစ်လုံးရဲ့ စွမ်းအင်လိုအပ်ချက်က တစ်ရက်စာကို 1000 watt hours ရှိတယ်ဆိုပါစို့။

(2) အပေါ်က တစ်ရက်စာလိုအပ်ချက်ပေါ့။ ၃ရက်စာလိုအပ်ချက်ကိုသိချင်ရင် 3 နဲ့မျြှောက်ပေါ့။4 ရက်စာလိုချင်ရင် 4 ပေါ့။ဆိုလာစနစ်ကိုတပ်တါံအခါမှာ နေရောင်အပြည့်အ၀မရတဲ့ ရာသီတွေကိုထည့်စဉ်းစားမယ်ဆိုရင် တစ်ရက်စာ watthour နဲ့မရပါဘူး။ဒါကြောင့် တကယ်လိုတာထက်ပိုထုတ်နိုင်ဖို့လိုပါမယ်။
1 ရက်နေရောင်ရရင် 3 ရက်ဆက်တိုက်စာ စွမ်းအင်လိုအပ်ချက်က 3*1000=3000watt hours ပေါ့။

(3) 3000 watthours ကိုလှောင်ဖို့ battery ရွေးရပါမယ်။တစ်ခုရှိတာက battery တွေထဲမှာလှောင်ထားတဲ့ စွမ်းအင်ကိုအကုန်သုံးပစ်လိုက်တာဟာ battery သက်တမ်းကိုတိုစေပါတယ်။ဒါကြောင့် battery မှာလှောင်ထားတဲ့ စွမ်းအင်ရဲ့ 50 % ကိုပဲသုံးပါမယ်လို့ ယူဆပါတယ်။ဒါကြောင့် ဘက္ထရီရဲ့ capacity ဟာ တကယ်တွက်ထုတ်လို့ရတဲ့ capacity ရဲ့ 2 ဆဖြစ်ရပါမယ်။ battery ၇ဲ့ energy သိုလှောင်နိုင်စွမ်းဟာ 3000*2=6000watthour ၇ှိရပါမယ်။

(4)system voltage က 12 volt နဲ့ သံးမယ်ဆိုရင် သုံးရမယ့် battery ရဲ့ ampere hour က 6000/12=500Ampere hour ပါ။24 volt ဆိုရင် 24 နဲ့စားပေါ့။

 မှတ်ချက်။      ။battery  ၏ ampere hour  rating ကိုသာတွက်ချက်ထားခြင်းဖြစ်ပါသည်။

Comments

Popular posts from this blog

serial to parallel test with 74c595 and pic mcu

INTERRUPT_ON_CHANGE_18f4550