Posts

Showing posts with the label ESSAY

TALKING CAT

စကားပြောသောကြောင်ကလေး ရန်ကုန်နေသည် ပူလှ၏။ တစ်ချက်တစ်ချက် တိုက်လာသော လေနုအေးသည် တန်ဖိုးရှိလှ၏။  ရွှေတိဂုံစေတီတော်ကြီးအား ခပ်ပျပျ မြင်နေရပြီဖြစ်သည်။ ကျွန်ုပ် အရိပ်ခိုနေသော ညောင်ပင်အောက်တွင် ဘယာသည် ကုလားလေးနှင့် ကြောင်တစ်ကောင်သည် အေးအေးလူလူ ထိုင်နေကြ၏။ ကျွန်ုပ်သည် ဆာလောင်ခြင်း မောပန်းခြင်းတို့ နှင့်အတူ ဘယာကြော်သည်ဘေးရှိ အုတ်ခုံလွတ်တွင် ခြေပစ်လက်ပစ် ထိုင်မိလေတော့၏။ တဆက်တည်းပင် ဘယာကြော် ၅၀၀ ဖိုးဝယ်ကာ စားရလေတော့၏။  တိုအခိုက်တွင် ကြောင်ကလေးမှ ညောင်. . . . ဟုထအော်လေရာ ဘယာကြော်ကုလားလေးသည် ပြုးစိပြုံးစိ ဖြစ်သွားလေ၏။ ကျွန်ုပ်မှာလည်း သိချင်သော်လည်း မောလှ ၊ဆာလှသည်ဖြစ်ရာ ရေနွေးကြမ်း နှင့် ဘယာ ကိုသာ အငမ်းမရစားလေ၏။  အချိန်အတန်ကြာသော အခါ ကျွန်ုပ်သည် ကြောင်ကလေးကို သတိပြုမိလာ၏။ ၄င်းသည် မကြာခဏ တညောင်ညောင် အော်လေ၏။ ဘယာသည်မှာလည်း ၄င်းအော်တိုင်း ပြုံး၏။ တခါတရံတွင် အသံထွက်သည်အထိ ရယ်လေ၏။ ကျွန်ုပ်မှာ သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ။ “ခင်ဗျားက ကြောင်အော်တိုင်း ဘာလို့ပြုံးရတာလဲ ဟုမေးမိလေ၏။” ဘယာငည်လေးခမျာ  “ မသိချင်ပါနဲ့ဆရာသမားရယ်” ဆိုကာ ဘယာအိုးကိုသာ မွှေနေလေ၏။ ကျွှန်ုပ်မှာလည်း မနေနိုင...

polluted enviroment အဆိပ်သင့် ရပ်ဝန်း

Image
    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ ခုချိန်ထိ မြန်မာပြည်ရဲ့ ကျေးလက်ဒေသတွေမှာ ac လျှပ်စစ်မီးမရရှိခဲ့ပါဘူး။ အဲတော့လည်း  ac လျပ်စစ်မီးနဲ့ သုံးတာဘာမှမသုံးကြသလောက်ပါ။ မသုံးတော့ မပျက်ဘူးပေါ့။ ရောင်းမယ့်သူလည်းမရှိဘူးပေါ့။ သိပ်မကြာခင် နှစ်တွေမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲ နှစ်ခုက ဒီအဖြစ်အပျက်တွေကို ပြောင်းပြန်လှန်လိုက်ပါတယ်။ ဆိုလာပြား နဲ့ ဖုန်းပါ။ ဒီအပြောင်းအလဲမှာ ဆိုလာက အရင်စဖြစ်တာပါ။ တရုပ်ဘက်က ဆိုလာတွေ၊ အလုံပိတ်ထားတဲ့ battery ခြောက်တွေဟာ လူတိုင်းသုံးနိုင်တဲ့ ဆိုလာ လျှပ်စစ်စနစ်ကို ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အိမ်တိုင်းတော့ မသုံးကြသေးပါဘူး။ ဖုန်းတွေပေါ်လာတော့ အိမ်တိုင်းနီးပါး မသုံးမဖြစ်သုံးလာကြပါတယ်။  အကောင်းနဲ့ အတူ အဆိုးပါပါလာခဲ့ပါတယ်။ လျှပ်စစ်စက်တွေ အရောင်းတွင်လာပါတယ်။ တရုပ်စက် တစ်ရက်စုပ်လို့တောင် ပြောစမှတ်ပြုကြပါတယ်။ အမျိုးမျိုး အဖုံဖုံသော လျှပ်စစ်စက်တွေဟာ ပျက်ကြပါတယ်။ ပြင်ဆင်စားရိတ်က အသစ်နီးပါးလောက်ကုန်လို့ မပြင်ကြတာများပါတယ်။ ဒီတော့ မြန်မာ့သွေး မြန်မာ့မာန်တွေပေါ်လာပါပြီ။ မကောင်းရင်ဂျောင်းပဲ။ ပျက်သွားရင်လွှတ်ပစ်လိုက်တာပဲ။ ကြာလာတဲ့ အခါ စက်အစုပ်တွေဟာ လူတွေနေထိုင်တဲ့ နေရ...

ဂျီတီစီသွားတောလား (GTC သွားတောလား)

ဂျီတီစီသွားတောလား   ဗမာသီချင်းမှာ ယိုးဒယားတို့ ၊ပတ်ပျိုးတို့၊တောလားတို့ဆိုတာေ တွရှိတယ်လေ။ အခုလဲ ခန့်ခန့်ညားညားလေးဖြစ်သွားအောင် ……..ဒီနာမည်လေးကိုရွေးလိုက်တာပါ ။ ဆယ်တေန်းအောင်တဲ့ကလေးတွေ ဂျီတီစီ ရောက်လာတယ်။တချို့ကလဲသူတက်ချင် လို့လျောက်တာ။တချို့ကြတော့လည်း မိဘကပို့လို့ရောက်လာတာ။ဒါကထားလိုက်ပါ လေ။ကျောင်းကိုအခုမှစရောက်တဲ့ ကျောငိးသားတွေအနေနဲ့ ဘယ်မေဂျာရွေးရမယ်။ ဘယ်ဟာကတော့သူနဲ့သင့်တော်မယ်ဆို တာဆုံးဖြတ်ဖို့လိုလာပါပြီ။ဆိုး တာက……. ကျောင်းသားအများစုက……. • ဘယ်ဘာသာရပ်(မေဂျာ)ကဘာတွေသင်တယ် • ကိုယ်ကဘာဝါသနာပါတယ် • ဒီမေဂျာနဲ့ကျောင်းပြီးသွားရင် အလုင်အကိုင်ကောရှာရလွယ်ပါ့မလား ဒီမေဂျာရဲ့အနာဂတ်အလားအလာဘယ်လို ရှိပါ့မလဲ စတာတွေက်ုကြိုသိထားသင့်တယ်ထင်ပါ တယ်။ဒါပေမယ့်ကျောင်းသားငယ်တွေ အနေနဲ့ ဒါကိုတွေးမိချင်မှင်္တွေးမိမှာပါ။ ကလေးတွေသိတာက ကျောင်းပြီးရင် အင်ဂျင်နီ ယာဖြစ်ပီ ။ဒါပဲ……..။မိဘတွေလဲ ဒီအကြောင်းမတွေးနိုင်ဘူး။စား ၀တ်နေရေးအထွက် ပြေးလွှားနေရတာလေ…။ဒါကိုဘယ်သူတွေ သိလဲဆိုတော့။ကျောင်းကဆရာတွေသိပါ တယ်။ နည်းပညာအသိုင်းအ၀ိုင်းကလူတွေသိ တယ်။အရွေးမှားလို့ကတော့….သေပြီ ဆရာပဲ။ ကျောင်းတွေမှာတကယ်လုပ်ပေးသင့်တာ က မေဂျာမရွေးခင် ကျော်းသာ...
solar cell ဆိုလာဆံလ် အကြောင်း သတိရလို့ပြောရဦးမယ်။ဆိုလာဆဲလ်က photovolatic သဘောတရားအပေါ်အခြေခံပြီးတည်ဆောက် ထားတာပါ။photovolatic ဆိုတာက အရာဝတ္ထုတစ်ခုပေါ်ကိုအလင်းရောင် သက်ရောက်တဲ့အခါ voltage အနည်းပယိထုတ်ပေးတယ်ဆိုတဲ့သဘောတရားတစ်ခုပါ။ထုတ်ပေးတဲ့ Volt...အားက အလင်းလှိုင်းအလျား(wave length) နဲ. အလင်းလာရောက်အရိုက်ခံရတဲ့ အရာသတ္ထုရဲ့ ၈ုဏ်သတ္ထိတွေအပေါ်မှာမူတည်ပါတယ်။ဆိုလာဆံဆိုတာလဲ pn junction ပါ ။positive(p) ဘက်က electrode တစ်ခုထုတ် ။negative(n) ဘက်က electrode တစိခုထုတ်ထားပါတယ်။အလင်းကို negative(n) ဘက်အခြမ်ူကိုရိုက်ခတ်စေတဲ့အခါ electrode နှစ်ခုကြားမှာ volt အားတစ်ခုဖြစ်ပေါ်လာစေပါတယ်။လိုချ င်တဲ့ volt နဲ့ current ကိုလိုက်ပြီး အဲသည် cell င်္ကကိကလေးတွေကို series တွဲလိုက် parallel တွဲလိုက် တွဲထားတာပါ။ဒါကအခြေခံပါ။အလင်းစုပ်ယူမှုအားကောင်းအောင်နဲ့ သည်ပြင့်ကိစ္စ တွေအတွက်ူlayer တွေထပ်တိုးကောင်းတိုးလာနိုင်ပါတ ယ်။photovolatic နဲ .ဆင်တဲ့တခြားတစ်ခုက Photoelectric effect ပါ သူကတော့အလင်းကြရင် electron တွေထုတ်ပေးတာပါ။ မှားတတ်တာရှိတယ်။တချို့ကပူလို့လျပ်စစ်ထွက်တယ်ထင်နေတာ။အလင်းကြော င့်ထွက်တာပါ။အလင်းဆုံးအချိန်ကလည...
Image
  ဆိုလာတွေနာမည်ကြီးလာတော့ လောဘကြီးတဲ့ စီးပွားရေးသမားတွေက ပေါက်ကရာတွေ ပြော ပေါက်ကရာတွေလုပ်ပြီးလိမ်ညာရောင်းနေကြပါပြီ။ဒီစာတိုလေးကိုဖတ်ထား ရင်ဖြင့် ဆိုလာဝယ်ရင်အထောက်အကူဖြစ်စေပါတယ်။ဆိုလာပြားတွေကိုအရောင်းအဝယ်လု ပ်တဲ့အခါ watt နဲ့ပြောရောင်းပါတယ် ။ကဲဆိုင်က watt 50 ဆိုပြီးပြောရောင်းလိုက်တယ် တစ်ကယ် တော့ ဝယ်တဲ့လူကမစမ်းတပ်တော့သူပြောတာယုံပြီးယူလာရတာ။35 watt ကို 50 ဆိုပြီးပေးလိုက်လည်း ယူလာမှာပဲ။ဆိုလာပြားတွေရဲ့နောက် မှာ Name plate ပါပါတယ် အပြားတိုင်းတော့မဟုတ်ပါဘူး။တချို့ဆိုကိုယ့်ဘာသာ လုပ်ပြီးကပ်ထာတောင်ရှိပါတယ်။ အဲဒီမှာ open circuit voltage (Voc )နဲ့ Shot circuit current တို့ပါပါတယ်။အဲဒါနှစ်ခုမြှေက်ရင် name plate ပေါ်ကပါဝါရပါတယ်။ဆိုလာစမ်းတဲ့အချိန်နေပူနေရင်ပိုကောင်းပါတယ်။ပထမ multimeter ရဲ့ dc volt ကို name plate ပေါ်ကပြထားတဲ့ voc ထက်များတဲ့ တန်ဖိုးမှာထားပါ။တိုင်းကြည့်ရင် name plate voc ရပါ တယ် ။ဒါကမှန်တာများပါတယ်။ နောက် short circuit current တိုင်းပါမယ်။ dc crt ကိုလည်း name plate isc ထက်များတဲ့တန်ဖိုးကို ရွှေ့ထားပါ။သတိထားရမှာက ampere များရင်မီတာကြာကြာမခံနိုင်ပါ probe တွေပူလာတ...
Image
TESLA VS EDISON အမှားကြားအမှန်ဖြစ်ကွားမှာစိုးလို.ပြောလိုက်တယ်။အခုကျွန်တော်တို.သုံးနေတံ.အေစီလျှပိစစ်ကိုတီထွင်သူဟာ အက်ဒီဆင်မဟုတ်ပါဘူး။နီကိုလာတက်စလာ ဆိုတဲ့ ပညာရှင်ပါ။အက်ဒီဆင်က ဒီစီလျှပ်စစ်ကိုထွင်တာပါ။ထွင်တယ်ဆိုတာထက် သူ.ရှေ.ကလူတွေလုပ်ထားတာကို စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ ဒီစီလျှပ်စစ်စက်တိုထွင်ခဲ့တာပါ။တစ်ကယ်တော့ အက်ဒီဆင်ဟာစီးပွားရေးသမားပါ။သူထွင်တဲ့ဟာတွေဟာ သူ.အကျိုးစီးပွားအတွက်ပါ။တက်စလာကတော့ဒီလိုမဟုတ်ပါဘူး။သူအလုပ်လုပ်နေတာဟာ လူသားတွေအားလုံးအတွက်ပါတဲ့။သူပြောတာက  လျှပ်စစ်ဓာတ်ဟာ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာသဘာဝအလျောက်တည်ရှိနေပြီး အဲဒီလျှပ်စစ်စာတ်ကိုထုတ်ယူသုံးစွဲနိုင်မယ်ဆိုရင် လျှပ်စစ်အတွက်ကုန်ကြစရိတ်ဆိုတာရှိတော့မှာမဟုတ်ပါဘူးတဲ.။နောက်သူကလျှပ်စစ်ဓာတ်ကိုကြိုးမဲ.ပို.ဆောင်တဲ.နည်းကိုလဲရှာဖွေဖေါ်ထုတ်နိုင်ခဲ.ပါတယ်။သူ.ရဲ.တွေ.ရှိချက်တွေဟာ အခုချိန်အထိ CIA ရဲ့လက်ထဲမှာပဲရှိနေပါတယ်။တက်စလာဟာ ပိုက်ဆံမရှိတဲ.အထွက် စီးပွားရေးသမားတွေကိုသူ.တီထွင်မှုတွေရဲ. အကျိုးရလာဒ်တွေနဲ. ဆွဲဆောင်စည်းရုံးရပါတယ်။တက်စလာအနေနဲ. ဘယိစီးပွားရေးသမားနဲ.မှကြာကြာပူးပေါင်းနိုင်ခြင်းမရှိခဲ.ပါဘူး။သူ. project တွေမပြီးခင်မှာပဲ စီးပွားရေးသမားတွေ...

ဆိုလာ စနစ်ရှိ BATTERY AMPACITY အား design ထုတ်တွက်ချက်ခြင်း (1) watt hour ရယူခြင်း

ဆိုလာ စနစ်ရှိ BATTERY AMPACITY အား design ထုတ်တွက်ချက်ခြင်း (1) watt hour ရယူခြင်း     လျှပ်စစ်ပစ္စည်းတစ်ခုခြင်းစီရဲ့ watt နဲ့ တစ်ခုခြင်းစီရဲ့ 24နာရီာအတွင်း သုံးစွဲတဲ့ကြာချိန် ကိုမြှောက်ပါ။တစ်ခုခြင်းစီရဲ့  watthour တွေကိုပေါင်းလိုက်ရင်  တစ်ရက်(24 နာရီ) မှာအိမ်တစ်ခုလုံးစာအတွက် စွမ်းအင်လိုအပ်ချက် watthour ရပါမယ်။ မှတ်ချက်။   ။ aircon,fredge စတာတွေကတော့ ရေးထားတဲ့ watt အတိုင်းအမြဲ အလုပ်လုပ်နေတာမဟုတ်ပါဘူး။fredge ကိုမကြာခဏ တံခါးသွားမဖွင့်ရင်။ aircon တပ်ထားတဲ့အခန်းကိုလဲ ဖွင့်လိုက်ပိတ်လိုက်မလုပ်ဘူးဆိုရင်။ရေးထားတဲ့ rating ရဲ့ 3 ပုံ 1 ပဲုကိုပဲယူပါမယ်။ပြီးရင် အဲဒါကို 24 hr နဲ့မြှောက်ရုံပေါ့။ နေအိမ်တစ်လုံးရဲ့ စွမ်းအင်လိုအပ်ချက်က တစ်ရက်စာကို 1000 watt hours ရှိတယ်ဆိုပါစို့။ (2) အပေါ်က တစ်ရက်စာလိုအပ်ချက်ပေါ့။ ၃ရက်စာလိုအပ်ချက်ကိုသိချင်ရင် 3 နဲ့မျြှောက်ပေါ့။4 ရက်စာလိုချင်ရင် 4 ပေါ့။ဆိုလာစနစ်ကိုတပ်တါံအခါမှာ နေရောင်အပြည့်အ၀မရတဲ့ ရာသီတွေကိုထည့်စဉ်းစားမယ်ဆိုရင် တစ်ရက်စာ watthour နဲ့မရပါဘူး။ဒါကြောင့် တကယ်လိုတာထက်ပိုထုတ်နိုင်ဖို့လိုပါမယ်။ 1 ရက်နေရောင်ရရင် 3 ရက်ဆက်တိုက်စာ ...

မမှန် သို့သော်အလုပ်ဖြစ်၏

မမှန် သို့သော်အလုပ်ဖြစ်၏ socket ရှိ voltage ကိုမီတာနှင့်တိုင်းပါ။210  ရှိတယ်လို့ယူဆလိုက်တယ်ဗျာ။အဲဒီမှာ မီးပူတစ်ခုတပ်လိုက်တယ်။မီးပူက  watt 1000 လို့ယူဆပါ။ current rating ကိုတွက်ချင်ရင် လုပ်နေကြနည်းကတော့ power(1000)/volt(210)  ပေါ့။ဒါဆိုရင် current ရပီပေါ့။၇တဲ့ current ကအမှန်မဟုတ်ဘူးဗျ။တကယ်ပြောတာ။ကျောင်းမှာအဲလိုပဲသင်တာ။သေချာစဉ်းစားကြည့်။load ကို socket မှာတပ်တော့ current တစ်ခု ဖြတ်စီးမယ်။စီးတဲ့ current ကြောင့် load ကိုမရောက်ခင် မှာ volt drop ထပ်ဖြစ်တယ်။အချုပ်ပြောရရင် ခုနမီတာနဲ့တိုင်းတဲ့ volt မဟုတ်တော့ဘူး။မယုံရင်စမ်းကြည့်ပါ။မီတာတစ်ခုပဲလိုတာပါ ကျန်တာတွေကအိမ်မှာရှိတာပဲ။load မဆက်ခင်နဲ့ load ဆက်ပြီးချိန် socket မှာဖြစ်နေတဲ့ volt မတူပါဘူး။တကယ်စီးမယ့် current က အစောကတွက်လိုက်တာထက် နညိးပြီးစီးပါတယ်။တကယ်စီးတာကိုသိချင်ရင်တော့ load ချိတ်ထားချိန် socket မှာဖြစ်နေတဲ့ volt နဲ့တွက်ပါ။အပြင်မှာလဲ ဒါပဲသုံးနေတာပါ။သတိမထားမိတာလေးမို့လို့ပြောပြချင်တာပါ။မှားတာရှိရင်ပြင်ပေးပါ။ WAAGYI

ABOUT THE HOLES

Image
                                            အပေါက်များအကြောင်း     ကျွန်ော့်အခန်းမှာ ကျောင်းသားတွေနဲ့ အမြဲပြည့်နေတတ်တယ်။အရင်တုန်းကဆို အဲသည်လိုမဟုတ်ဘူးလေ။ကျွန်တော်ကလည်း ဒီအခန်းမှာမဟုတ်ဘူး။အခုအခန်းက အဆောင်ရှင်ကလူများလာလို့ ဆိုပြီး ထပ်ချဲ့ပေးတာ သူ့အခန်းနဲ့ကပ်လျက်မှာ။အစတုန်းက ကျွန်တော်လည်းမသိဘူး ကျောင်းထဲမှာအရှုပ်တွေလုပ်နေလို့.....။ အခန်းကိုမကပ်အားဘူး။ညနေပိုင်းန့ ညပိုင်းတွေဆို ကျွန်တော့်အခန်းမှာလူစည်ကားတယ်။ အဆောင်ရှင့်အခန်းမှာ ဖုန်းရှိတယ်။ဒီဖုန်းနဲ့လဲ နဲနဲတော့ဆိုင်တယ်။ကြိုပြောထားရမာက အဆောင်က နှစ်ဆောင် တစ်ဆောင်က မိန်းကလေး။ တစ်ဆောင်ကကျွန်တော်တို့ ကောင်လေးတွေ။အဆောင်နှစ်ခုကမျက်နှာခြင်းဆိုင်ဆောက်ထားတာ။ကျွန်တော့်အခန်းမှာ လျှို့ဝှက်ချက်တစ်ခု ရှိကိုရှိတယ်။ဘာမှန်းသာမသိတာ ။တစ်ခုခုတော့တစ်ခုခုပေါ့။ဥပမာဗျာ....အဆောင်ရှင် ၈ှီးတော်ကို ကောင်မလေးတစ်ယောက်ယောယက်က (ခပ်ချောချောလေးပေါ...

THE MONKEY AND THE TAIL (မြောက်နှင့်အမှီး)

Image
                                                           THE MONKEY AND THE TAIL                          သူမသည် မြောက်တစ်ကောင်ဖြစ်သည်။ ထိုအကြောင်းကိုသူမစသိသော အချိန်တွင် သူမမှာအမှီးမပေါက်သေးပါ။လူကြီးတွေကတော့ သူမမြောက်ဖြစ်ကြောင်း လုံးဝအတိအလင်းမြောဆိုနေပြီဖြစ်ပါသည်။ ပြောလေ့ရှိကည်မှာ ဒီအရွယ်မှ အမှီးမပေါက်ရင် ဘာမြောက်လဲ ဟူသတတ်။ သူမသည်မျောက်ဖြစ်ရသည်ကို ပျော်နေပုံရသည်။ကိုရီးယားကားများကို မှန်မှန်ကြည့်သည်။ မင်းသားမင်းသမီးမှား အကြောင်းကို စိတ်ဝင်တစားလေ့လာသည်။ သူမသည် အမြီးပေါက်ချင်နေသည်။ ဆိုးသည်မှာ အမြီးပေါက်နည်းကိုသူမမသိပါ။မျောက်တစ်ကောင်ရဲ့ရာဇ၀င်ကိုသူမ မရိုင်းစေချင်ပါ။ သင်တန်းမျိုးစုံမှ လက်မှတ် 15ခု သူမဆီမှာရှိသည်။လက်သည်းဆိုးဆေး 12 ပုလင...

sleeping with stars (ကြယ်စင်များနှင့် အိပ်စက်ခြင်း)

Image
                                       ကြယ်များနှင့် အိပ်စက်ခြင်း (ဒါတစ်ကယ့်အဖြစ်အပျက်ကလေးပါ်။  အဲဒီညက .....ကျွန်တော်လုံးဝGIPSYဖြစ်သွားတယ်။ဒါလေးကိုဖတ်ဖို့...အသံတွေတိတ်နေပါစေ။မိုးဖွဲဖွဲလေးကျနေပါစေ။မီးကိုလဲမှိတ်လိုက်ပါ။ကြယ်ရောင်တွေကိုမြင်ရတဲ့နေရာမှာ ဖတ်ပါ ။စိတ်ကို ဖြေလျော့ထားပါ။ဒီအထဲကလူဟာ ခင်ဗျားပါလို့ ခံစားကြည့်ပါ။ ဒီလောက်ဆို    ok ......ပြီ။  ) အခုတော့ ......အားလုံးကတိုးတိတ်မှောင်မှိုက်နေတယ်.........။မိုးတွေကလဲစဲသွားပြီ။ဒါပေမယ့် မိုးနဲ့အထူပျက်သွားတဲ့မီးက ပြန်မလာခဲ့ဘူး။လမိုက်ညကောင်းကင်အောက်မှာ လရောင်ကို တမ်းတမိတယ်။တဖျတ်ဖျတ် လက်နေတဲ့ ကြယ်လေးတွေက တေးသွား တစ်ခုခုကို သီဆိုနေကောင်း သီဆိုနေမယ်။မိုးငွေ့ပါတဲ့ လေနုအေးက တစ်ချက် တစ်ချက်ခပ်ကြမ်းကြမ်း တိုက်နေတယ်။ကျွန်တော့်ရှေ့မှာ ဒူးလောက်ရှည်တဲ့ မျက်ခင်းစိမ်းကြီးတစ်ခုရှိတယ်။(ကြယ်ရောင်တွေနဲ့ မို့လို့ ညယ်လောက် စိမ်းတယ်ဆိုတာမသိခဲ့ပေမယ့် ...

OVER CURRENT PROTECTION

                                             OVER CURRENT PROTECTION     over current ဖြစ်ရခြင်း အကြောင်းရင်းနှစ်ရပ်.......... (1)over load ကောင်းမွန်နေသောလျပ်စစ် ပတ်လမ်းအတွင်းတွင် သင့်တင့်သည့် ပမာဏထက်ပိုသော current စီးခြင်း။ လျပ်စစ်အသုံးအဆောင်များကို တစ်ပြိုင်ထဲ စုပြုံသုံးမိခြင်း။ motor  ပါသောကိရီယာများကို သတ်မှတ်ဝန်အားထက်ပိုသုံးမိခြင်း။ (2)fault လျှပ်စစ်စနစ်အတွင်းမှားယွင်းမှုဖြစ်ခြင်း။ဥပမာပြရသော်     လျှပ်ကာ(insulation) ကြိုးပေါက်မှုကြောင့် line conductor နှင့် earth conductor တိုက်ရိုက်ထိမိကာ  short circuit ဖြစ်သွားခြင်းကဲ့သို့သော အခြေအနေများသည် အဖြစ်များပါသည်။ OVER LOAD ကောင်းမွန်နေသော wireing စနစ်အတွင်းတွင် over load  ဖြစ်ရခြင်းမှာ  အောက်ဖော်ပြပါအကြောင်းအချက်များ အပါအ၀င် အခြားသော အကြောင်းအရာများလည်းရှိနိုင်ပါသေးသည်။     (1) motor သည် design  ထုတ်ထားေ...

MY CAT

                                                  ကျွန်တော်၏ကြောင်ကလေး     ကျွန်တော့်မှာကြောင်ကလေးတစ်ကောင်ရှိပါသည်။ကြောင်ကလေးသည်အဖြူရောင်ကလေးဖြစ်ပါသည်။ မိုးတွေရီာနေသော နေ့တစ်နေ့တွင် ကျွန်တော်ကြောင်ကလေးကို ရခဲ့ခြင်းဖြစ်ပါသည်။ထိုနေ့ကမိုးအလွန်ရွာပါသည်။မိုးရေချိုမည်ဟု စိတ်ကူးသော်လည်း လျှပ်စီးများလက်နေသဖြင့် စောင်ခြုံကာအိပ်နေခဲ့ပါသည်။မိုးရေများ စိုနေသောကြောင်ကလေးသည် ကျွန်တော့်စောင်ထဲကို တိုးဝင်နေပါသည်။ ညောင် ညောင် ဟုလည်းအော်နေပါသည်။ အမေက ပြန်လွှတ်လိုက်ဟုပြောပါသည်။ကျွန်တော်လွှတ်ပေးသော်လည်း ကြောင်ကလေးကမပြန်ပါ။ ညောင် ညော် ဟုအော်ကာ ကျွန်တော့်ဘေးတွင်လာထိုင်နေပါသည်။ကြောင်ကလေးသည် ကြွက်မခုတ်ပါ။ ကြွက်များကို ကြောက်အောင် ခြောက်ပါသည်။ ခွေးများကိုလည်း  စတတ်ပါသည်။ဘောလုံးကလေးများနှင့်ကစားတတ်ပါသည်။ ကြောင်လေးရေ ဟုခေါ်လျှင်  ညောင်........ဟုအော်ကာ ပြေးလာတတ်ပါသည်။     မိုးများရွာနေသော နေ့တစ်နေ့တွင်ဖြစ်ပါသည်။ကြောင်ကလေးသည်ကျွန်တော်နှင့်အထူကစားနေ...

ဂျီတီစီကျောင်းသားလေးများဖတ်ရန်

ဖြစ်သင့်တာလေးတွေကိုပြောပြချင် တယ်။ စက်မှုနိုင်ငံထူထောင်ဖို့. ဘာလုပ်ဖို့ ညာလုပ်ဖို့ဆိုပြီး အင်ဂျင်နီယာတွေကို မမြင်ချင်မှအဆုံးမွေးထုတ်နေပါ တယ်။အခုဆို အင်ဂျင်နီယာအလုပ်လက်မဲ့ တွေ တော်တော်များနေပါပြီ။ကြားနေရတဲ့ ပြသနာကတော့ ပေါင်းစုံပဲ။ဒါလေးကိုလာဖတ်တဲ့ ရဟန်းရှင်လူပြည်ူအပေါင်းကလဲ သင့်တင့်လျောက်ပတ် သောအကြံများ ပေးတော်မူကြပါရန်………..။ ဂျီတီစီသွားတောလား   ဗမာသီချင်းမှာ ယိုးဒယားတို့ ၊ပတ်ပျိုးတို့၊တောလားတို့ဆိုတာေ တွရှိတယ်လေ။ အခုလဲ ခန့်ခန့်ညားညားလေးဖြစ်သွားအောင် ……..ဒီနာမည်လေးကိုရွေးလိုက်တာပါ ။ ဆယ်တေန်းအောင်တဲ့ကလေးတွေ ဂျီတီစီ ရောက်လာတယ်။တချို့ကလဲသူတက်ချင် လို့လျောက်တာ။တချို့ကြတော့လည်း မိဘကပို့လို့ရောက်လာတာ။ဒါကထားလိုက်ပါ လေ။ကျောင်းကိုအခုမှစရောက်တဲ့ ကျောငိးသားတွေအနေနဲ့ ဘယ်မေဂျာရွေးရမယ်။ ဘယ်ဟာကတော့သူနဲ့သင့်တော်မယ်ဆို တာဆုံးဖြတ်ဖို့လိုလာပါပြီ။ဆိုး တာက……. ကျောင်းသားအများစုက……. • ဘယ်ဘာသာရပ်(မေဂျာ)ကဘာတွေသင်တယ် • ကိုယ်ကဘာဝါသနာပါတယ် • ဒီမေဂျာနဲ့ကျောင်းပြီးသွားရင် အလုင်အကိုင်ကောရှာရလွယ်ပါ့မလား ဒီမေဂျာရဲ့အနာဂတ်အလားအလာဘယ်လို ရှိပါ့မလဲ စတာတွေက်ုကြိုသိထားသင့်တယ်ထင်ပါ တယ်။ဒါပေမယ့်ကျောင်းသားငယ်တွေ အနေနဲ့ ဒါက...

၇ပိုင်ခွင့်

"ရပိုင်ခွင့်" ကိုယ့်ရပိုင်ခွင့်ကို ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်နှင့် ကျေနပ်သူသည် စိတ်ချမ်းသာ၏။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်သူများသည် သူများရထားသည်များကို လိုချင်ကြကုန်၏။ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာအောင် နေတတ်အောင် ကြိုးစားပါ။ မိမိရထားတဲ့ အခွင့်အရေးကို အထင်မသေးပါနှင့်။ ကိုယ် ရထားတာကို အထင်သေးသူသည် စိတ်မချမ်းသာနိုင်၊ စိတ်မချမ်းသာလျှင် သမာဓိမရနိုင်။ ကိုယ်ရထားသော လက်တလောတည်ရှိမှုကို မရောင့်ရဲခြင်းသည် စိတ်မချမ်းသာနိုင်။ ရထားတာနဲ့ ကျေနပ်ပါ.. ရှေးဘ၀က ကုသိုလ်ကံအကျိုးပေါ်တွင် မူတည်၍ ဒီဘ၀၌ မတူညီသော ရပိုင်ခွင့်များ ရရှိကြပေသည်။ တစ်ဦးနှင့် တစ်ဦး ရပိုင်ခွင့်ခြင်းမတူနိုင်။ သူများရပိုင်ခွင့်ကို လိုချင်ခြင်းသည်လည်း စိတ်ချမ်းသာလိမ့်မည်မဟုတ်။ စိတ်ချမ်းသာလိုလျှင် မိမိရပိုင်ခွင့်နှင့် ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ပါက သူများရပိုင်ခွင့်ကို လိုချင်ကြ၏။ ကိုယ့်ရပိုင်ခွင့်ကို အထင်မသေးပါနှင့်၊ သူများရပိုင်ခွင့်ကိုလည်း အားမကျပါနှင့်။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်များသာ ဖြစ်စေ၏။ အကုသိုလ်များ ပြုလုပ်ခြင်း၊ အကုသိုလ်များ ပြောဆိုခြင်း၊ အကုသိုလ်များ ကြံစည်ခြင်းသည် ကိုယ...