simple circuit maker tutorial part-1
အောက်ပုံကတော့
cm ရဲ့ ပုံပါ။title bar, tool bae, menu bar, work space စတာတွေကိုတော့ စာရှည်မှာစိုးလို့
ရှင်းမနေတော့ပါဘူး။
ကဲ.
. . . အခု circuit အသေးလေးတစ်ခု စရအောင်။ resistor တစ်လုံးကို
battery နဲ့ချိပ်မယ်။
လက်တွေ့မှာအဲလိုလုပ်ချင်ရင်
resistance,resistor power rating,battery volt စတာတွေကို ကိုသိထားရမယ်။ ဒါမှ
battery နဲ့ချိတ်တဲ့အခါ ဖြတ်စီးတဲ့ current ကိုတွက်ပြီး resistor ကခံနိုင်မယ် မခံနိုဘူးတွက်နိုင်မှာပါ။
Untitled.ckt(work
space ပါ) ဆိုတဲ့ နေရာပေါ်ကို သွားပြီး r ကိုနှိပ်လိုက်ပါ။ resistor ပုံလေး ပေါ်လာပါမယ်။သင့်တော်ရာနေရာမှာချထားပါ။
b ကိုနှိပ်လိုက်ရင် battery ပုံလေးပေါ်လာမှာပါ။ သင့်တော်ရာနေရာမှာချထားပါ။
ဝ(zero)
ကိုနှိပ်ပြီး ground ပုံလေးနေရာချပါအုန်း။
hotkey1,hotkey2 နေရာကရွေးလည်း ရပါတယ်။
ကျနော်လုပ်လိုက်တာ
အောက်ကပုံ အတိုင်းဖြစ်သွားတယ်။
ပုံကိုကြီးချင်၊ သေးချင်ရင် page
up, page down key တွေသုံးပါ။
ပုံကနေရာပြန်ချမှ
ကြည့်လို့ အဆင်ပြေမှာ။battery က ဘယ်ဘက်။ resister ကညာဘက်။ gnd ကအောက်ဘက်ကို နေရာရွှေ့ရမယ်။
တစ်ခုမေ့သွားလို့
resistor ကို delete လုပ်ပြီး r ကိုနှိပ်ပြီး resistor ကိုပြန်ရွေးပါ။ resistor လေးပေါ်နေတုန်းမှာ
right click နှိပ်ကြည့်ရင် လည်သွားတာတွေ့ရမှာပါ။
Alt+w
ကိုနှိပ်ပါက + ပုံလေးပေါ်လာမှာပါ။wire tool ပါ။ ဆက်သွယ်လို့ရတဲ့ နေရာတွေပေါ်တင်လိုက်ရင်
လေးထောင့်ကွက်လေး ပေါ်လာမှာပါ။ အောက်ကပုံအတိုင်းဖြစ်အောင်ဆက်ပါ။ battery volt ကိုပြင်ပါမယ်။
battery ပုံပေါ်ကို double click လုပ်ပြီး label value အကွက်ထဲမှာပြင်ပါမယ်။
resistor ကိုလည်း ပြင်ပါမယ်။
Tool
တစ်ခုခုရွေးထားတာကနေ မျှားပုံလေးပြန်ပေါ်ချင်ရင် right click တစ်ချက်နှိပ်ပေးပါ။
အားလုံးပြင်ဆင်ပြီးရင်
စမ်းမောင်းကြည့်ရအောင်။ tool bar ရဲ့ ညာဘက်ခြမ်းမှာ လူပြေးနေတဲ့ပုံလေး၊ လှေကားတက်နေတဲံပုံလေးတွေနားမှာ
gate ပုံလေးပေါ်နေပါမယ်။ အဲဒါကို နှိပ်လိုက်ပါ transistor ပုံလေးပေါ်လာပါလိမ့်မယ်။
ပြီးရင်.
. . . . . လူပြေးနေတဲ့ပုံလေးကိုနှိပ်လိုက်ပါ။
မီဆာခွက်ကလေးပေါ်လာပါမယ်။ mouse pointer ကခည်း မီတာထောက်တံပုံလေးဖြစ်သွားပါမယ်။
resistor လေးရဲ့နေရာအနှံ့ကို လိုက်ထောက်ကြည့်ပါ။
Volt
drop
ဖြတ်စီးနေတဲ့
current
Resistor
မှာ ကျသွားတဲ့ power တွေတွေ့ရမှာပါ။
လက်တွေ့ဆင်ရင်တော့
resistor power rating ကို formula ကတွက်ထားတာထက်
၁ဆခွဲကနေ ၂ ဆလောက်အထိ ထားသင့်ပါတယ်။
ဤတွင်
circuit maker အားကလိခြင်း အပိုင်း(၁) ပြီး၏။
လေးစားစွာဖြင့်
Waagyi
Comments
Post a Comment